ဘောလုံး • 1 min read
သတင်း

အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း

One News

Nov 24, 2026

အခြားသူကိုမျှော်လင့်မည့်အစား ကိုယ်တိုင်ရုန်းထကြရန် မိုင်နူးတိုက်တွန်း
0 Shares
6 Views

 

မန်ယူအသင်းအနေနဲ့ အသင်းသမိုင်းတစ်လျှောက် အနိမ့်ပါးဆုံးအခြေအနေကို ရောက်နေချိန်မှာ အသင်းကို ကယ်တင်ဖို့အတွက် တခြားသူကို မျှော်လင့်နေမယ့်အစား ကိုယ့်ဘာသာ ရုန်းထကြဖို့ ကွင်းလယ်လူ ကိုဘီမိုင်နူးက မန်ယူအသင်းဖော်တွေကို သတိပေးလိုက်ပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကိုပြသကြဖို့တိုက်တွန်း လိုက်ပါတယ်။

မန်ယူအသင်းဟာ ရလဒ်ဆိုးနေမှုကို အပြောင်းအလဲတစ်ခုအဖြစ် နည်းပြ ကာရစ်ရဲ့နေရာမှာ ပိုချက်တီနိုကို ပြောင်းလဲခန့်အပ်ခဲ့ပေမယ့် နည်းပြ ပိုချက်တီနိုရဲ့ ပထမဆုံးပွဲမှာပဲ မန်ယူအသင်းက နောက်ခံလူ ယိုရိုအထုတ်ခံရ တာနဲ့အတူ အဝေးကွင်းမှာ လီဗာပူးအသင်းကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ဒီရှုံးပွဲနဲ့အတူ မန်ယူအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၉ မှာရပ်တည်နေပြီး တန်းဆင်းရမယ့် အခြေအနေကနေ လွတ်မြောက်ဖို့အတွက် ကြိုးစားရတော့မှာဖြစ်ပြီး ကွင်းလယ်လူ မိုင်နူးကတော့ အသင်းပြန် လည်ရုန်းထဖို့အတွက် အရေးအကြီးဆုံးက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

အသင်းကအဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီး ဘယ်သူမှလာကယ်တင်ပေးမှာ မဟုတ်တဲ့အတွက် အချင်းချင်းလက်တွဲပြီး အားပြုကာ ကြိုးစားရင်ဆိုင်သွားမယ်ဆိုရင် အခြေအနေတွေ ကောင်းမွန်လာပါလိမ့် မယ်လို့ မိုင်နူးကပြောပါတယ်။မန်ယူအသင်းဟာ နည်းပြပိုချက်တီနိုလက်ထက် ဒုတိယမြောက်ပွဲအဖြစ် ဗုဒ္ဓဟူးညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘောလုံး
သတင်း

ဂိုးသမားရာယာ၏ဒဏ်ရာ ခွဲစိတ်စရာမလိုအပ်

One News

Nov 24, 2026 6

ဂိုးသမားရာယာဟာ ပုခုံးဒဏ်ရာကြောင့် အခုညမှာကစားမယ့် ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် ဒဏ်ရာအခြေအနေက အစပိုင်းမျှော်လင့်ထားသလောက် မဆိုးရွားတာကြောင့် ခွဲစိတ်မှုခံယူဖို့အထိ မလိုအပ်ဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။